Have any questions?

Goverment Websites

Online Appointment (ရက်ချိန်းရယူခြင်း)

New 1

ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက်နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများ စတုတ္ထအကြိမ် ပြန်လည်စိစစ်လက်ခံရေးအစီအစဉ် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်လျက်ရှိ

(၁-၇-၂၀၁၉ ရက်၊ နေပြည်တော်)

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများ ပြန်လည်လက်ခံရေးလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ နိုင်ငံသားစိစစ်ပြီးသူများအား သတ်မှတ်ထားရှိသည့် နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် စတုတ္ထအကြိမ် ပြန်လည်စိစစ်လက်ခံရေးအစီအစဉ်အား အဆင်ပြေချောမွေ့စွာ ဆောင်ရွက်လျက်ရှိပါသည်။ မိမိဆန္ဒအလျှောက် နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား ၁-၇-၂၀၁၉ ရက်နေ့တွင် နို့ပိုးဒုက္ခသည်စခန်းမှ နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသား(၁၅၁)ဦး၊ မယ်လဒုက္ခသည်စခန်းမှ (၅)ဦး၊ အုန်းပြန်ဒုက္ခသည်စခန်းမှ(၁)ဦး စုစုပေါင်း(၁၅၇)ဦးအား မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁)မှတစ်ဆင့် ခေါ်ဆောင်လာခဲ့ပြီး မြန်မာဘက်မှတာဝန်ရှိသူများမှ မြဝတီမြို့ရှိ ကျောက်လုံးကြီးစခန်းတွင် နွေးထွေးစွာဖြင့် ကြိုဆိုလက်ခံခဲ့ပါသည်။ အဆိုပါ ပြန်လည်လက်ခံရေးအစီအစဉ်သို့ ဗန်ကောက်မြို့မှ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းနှင့် မြန်မာသံရုံးအဖွဲ့ဝင်များ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာပြည်နယ်ဝန်ကြီး၊ ကရင်ပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့နှင့်အတူ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လက်ခံရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာန ကိုယ်စားများမှ တက်ရောက်ခဲ့ပြီး လိုအပ်သည့်ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးခဲ့ပါသည်။

အဆိုပါနေရပ်ပြန်မြန်မာနိုင်ငံသားများအား မြန်မာဘက်တာဝန်ရှိသူများမှ လွှဲပြောင်းလက်ခံမှုအပြီး သက်ဆိုင်ရာဝန်ကြီဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လက်ခံရေး ကော်မတီဝင်များမှ နေရပ်ပြန်များ အခြေချနေထိုင်မည့် မူလဇာတိဒေသများအရောက် ပို့ဆောင်ခြင်း၊ အိမ်ထောင်စုသုံး လက်တလောထောက်ပံ့ပစ္စည်းနှင့် ငွေကြေးများပေးအပ်ခြင်းများ ဆောင်ရွက်ပေးခဲ့သည့်အပြင် မြန်မာနိုင်ငံသားဆိုင်ရာ အိမ်ထောင်စုဇယားပုံစံ-၁၀နှင့် နိုင်ငံသားခိုင်မာမှုအဆင့်အလိုက် နိုင်ငံသားစိစစ်ရေးကတ်များအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ ထို့အပြင် နေရပ်ပြန်မိသားစုဝင်များအတွက် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကူညီပံ့ပိုးပေးခြင်းတို့အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများမှ အခန်းကဏ္ဍအလိုက် ဆက်လက်ကူညီ ဆောင်ရွက်ရန်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

ထို့ပြင် ဒုတိယနေ့ပြန်လည်လက်ခံရေး အစီအစဉ်အား ၂-၇-၂၀၁၉ ရက်နေ့တွင် ဘန်မနွိုင်ဆွိုင်းဒုက္ခသည်စခန်းမှ နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား မယ်စဲ့ဂိတ်မှလည်းကောင်း၊ ထမ်ဟင်ဒုက္ခသည်စခန်းမှ နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား ထီးခီးဂိတ်မှလည်းကောင်း ပြန်လည်လက်ခံသွားမည်ဖြစ်ပြီး တတိယနေ့ပြန်လည်လက်ခံရေးအစီအစဉ်အား ၃-၇-၂၀၁၉ ရက်နေ့တွင် မယ်လ၊ အုန်းပြန်နှင့် မယ်လအုန်းဒုက္ခသည်စခန်းများမှ နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများအား မြဝတီမြို့ရှိ ကျောက်လုံးကြီးစခန်းတွင် ဆက်လက် လက်ခံကြိုဆိုသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။


Myanmar received the 4th batch of verified Myanmar nationals from Thailand
(Nay Pyi Taw, 1 July 2019)

The fourth batch of verified Myanmar nationals from Thailand has been received at the Myanmar-Thai border gates from 1 to 3 July 2019. On 1 July 2019, 151 verified Myanmar nationals form Nu Po camp, 5 from Mae La camp and 1 from Umpiem camp were warmly welcomed by Myanmar officials at Kyauk Lone Gyi camp in Myawady Township through the Myanmar – Thai Friendship Bridge (1).

Myanmar Ambassador to the Kingdom of Thailand, H.E.U Myo Myint Than and Embassy officials, Minister for Security and Border Affairs of Kayin State Government and members of the Repatriation Committees of Yangon, Mandalay and Sagaing Regional Governments welcomed the returnees form Thailand. The government officials arranged transportation to reach their former residences and provided with humanitarian and financial assistance to the Myanmar Nationals.

The respective State and Regional Governments will continue to provide the Household Registration Form (Form-10) and NRC cards through national verification process. In addition, the State and Regional Governments will provide education and health-related assistance to the returnees.

The repatriation process will continue to receive the verified Myanmar Nationals from Ban Nai Soi and Tham Hin camps through Maese and Hteekhee gates respectively on 2 July 2019. Myanmar Nationals from Mae La, Umpiem and MaeLa Oon camps will be received at Kyauk Lone Gyi camp in Myawady Township on 3 July 2019.

 

news 07
news 08
news 09
news 10

Embassy Websites

Yangon Time

Bangkok Time

Contact Us

No. 110, Sathon nua Road, Bangkok, 10500, Thailand.
Phone: 0626283892, 022340320, 026379404
Fax: 02 236 6896, 02 233 7250
Email: [email protected]
Website: mebangkok.org