၁။ ပြည်ပနိုင်ငံအသီးသီး၌ လာရောက်အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းလုပ်သားများသည် သတ်မှတ်ကာလပြည့်မြောက်ချိန်တွင် မိမိနေရပ်သို့ ပြန်လည်ထွက်ခွာရမည်ဖြစ်ပါသည်။ ဤအချိန်တွင် ရွှေ့ပြောင်းလုပ်သားတစ်ဉီးသည် လုပ်ငန်းအတွေ့အကြုံ၊ စီးပွားရေးမိတ်ဖက်အသိုင်းအဝိုင်း၊ ငွေကြေးတို့ကို ပိုင်ဆိုင်ရရှိကြသူများဖြစ်ကြပါသည်။
၂။ ယခုအခါ မြန်မာနိုင်ငံတော်အစိုးရသည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးမြှင့်တင်နိုင်ရန် ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၊ ရံပုံငွေစီမံခန့်ခွဲရေးအဖွဲ့၊ လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့များ ဖွဲ့စည်းကာ လုပ်ငန်းတည်ထောင်လိုသူများကို ကူညီပံ့ပိုးပေးလျက်ရှိပါသည်။
၃။ လုပ်ငန်းအတွေ့အကြုံရရှိသွားသော မြန်မာလုပ်သားများသည် စုဆောင်းရရှိထားသော ငွေကြေးများနှင့်အတူ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ၏ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းအေဂျင်စီများမှ ငွေကြေးပံ့ပိုးမှု၊ လုပ်ငန်းမှတ်ပုံတင် ပြုလုပ်ပေးမှု၊ အတိုင်ပင်ခံဝန်ဆောင်မှုများကို ရယူကာ “ရွေ့ပြောင်းလုပ်သားဘဝမှ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းရှင်ဘဝ” သို့ ရောက်ရှိအောင် ကြိုးစားနိုင်သည့် အခွင့်အလမ်းများ ရရှိနေပြီဖြစ်ပါသည်။
၄။ ပြည်ပနိုင်ငံများတွင် ကာလတာရှည်စွာနေထိုင်ခဲ့ကြသူများဖြစ်သည့်အတွက် မိခင်နိုင်ငံသို့ ပြန်လည်ရောက်ရှိချိန် တစ်ပိုင်တစ်နိုင်လုပ်ငန်းများ အချိန်တိုအတွင်း တည်ထောင်နိုင်ရန် ရည်ရွယ်၍ အသိပေးခြင်းဖြစ်ပါသည်။
No. 110, Sathon nua Road, Bangkok, 10500, Thailand.
Phone: 0626283892, 022340320, 026379404
Fax: 02 236 6896, 02 233 7250
Email: [email protected]
Website: mebangkok.org