Have any questions?

Goverment Websites

Online Appointment (ရက်ချိန်းရယူခြင်း)

ထိုင်းနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် မြန်မာသံရုံး၊ ဗန်ကောက်မှ တာဝန်ရှိသူများသည် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် ကိစ္စရပ်များကို စဉ်ဆက်မပြတ်ဆွေးနွေးလျက်ရှိ

၁။ ထိုင်းနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် မြန်မာသံရုံး၊ ဗန်ကောက်မှ တာဝန်ရှိသူများသည် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် ကိစ္စရပ်များကို စဉ်ဆက်မပြတ်ဆွေးနွေးလျက်ရှိရာ ထိုင်းနိုင်ငံအစိုးရအဖွဲ့သည် ၇-၂-၂၀၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသူများ (PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများ) နှင့်ပတ်သက်၍ အောက်ပါအတိုင်း အတည်ပြုခဲ့ပါသည်-
(က) ၁၃-၂-၂၀၂၃ ရက်နေ့တွင် အလုပ်လုပ်ကိုင်ခွင့် (Work Permit) သက်တမ်းကုန်သူများကို ၁၅-၅-၂၀၂၃ ရက်နေ့အထိ ဆက်လက်နေထိုင်ခွင့်ပြုခြင်း။
(ခ) အလုပ်လုပ်ကိုင်ခွင့်အသစ်ရရှိရန် လိုအပ်သောစာရွက်စာတမ်းများနှင့်အတူ ၁၃-၂-၂၀၂၃ ရက်နေ့မှ စတင်၍ လျှောက်ထားခြင်းနှင့် ၁၅-၅-၂၀၂၃ ရက်နေ့အထိ လျှောက်ထား နိုင်ခြင်း။
(ဂ) သတ်မှတ်ချက်ပြည့်စုံသူများကို အလုပ်လုပ်ကိုင်ခွင့်နှင့် နေထိုင်ခွင့်အား ၁၃-၂-၂၀၂၄ ရက် သို့မဟုတ် ၁၃-၂-၂၀၂၅ ရက်နေ့အထိ ခွင့်ပြုပေးနိုင်ခြင်း။
(ဃ) CI စခန်း ၄ ခု၏ သက်တမ်းအား ၁၃-၅-၂၀၂၃ ရက်နေ့အထိ ထပ်မံတိုးမြှင့်ပေးခြင်း။
၂။ သို့ဖြစ်ပါ၍ မြန်မာသံရုံး (ဗန်ကောက်မြို့)၊ ကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်မြို့)တို့အနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း သက်တမ်းကုန် PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအား ဆက်လက်ပြုလုပ်ပေး သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

(၁၄-၂-၂၀၂၃)
ထိုင်းအလုပ်သမားဝန်ကြီးဌာန

20230418 07

20230418 07

Embassy Websites

Yangon Time

Bangkok Time

Contact Us

No. 110, Sathon nua Road, Bangkok, 10500, Thailand.
Phone: 0626283892, 022340320, 026379404
Fax: 02 236 6896, 02 233 7250
Email: [email protected]
Website: mebangkok.org