(၂၂-၅-၂၀၂၃ ရက်၊ ဗန်ကောက်မြို့)
၂၀၂၃ ခုနှစ်၊ မေလ ၂၂ ရက်နေ့တွင် ထိုင်းနိုင်ငံဗန်ကောက်မြို့၊ အစိုးရအိမ်တော်၊ The Thai-Khu-Fah အဆောက်အဦ၊ Hong Si Muang ခန်းမ၌ မြန်မာနိုင်ငံမှ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” သဘာဝ ဘေးအန္တရာယ်သင့်ခဲ့သည့်ဒေသများရှိ ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ခြင်းအခမ်းအနားကို ကျင်းပခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာနှင့် တာဝန်ရှိသူ များတက်ရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေထံသို့ လှူဒါန်းပစ္စည်း (၃၇၀၆၆.၉၈ ပေါင်/၁၆.၅၅)တန်စာရင်းအား လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
၃။ ထိုင်းနိုင်ငံဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ အလှူရှင်များအား လေဘေးသင့်ပြည်သူများကိုယ်စား အထူးကျေးဇူးတင်ရှိပါသည်။
No. 110, Sathon nua Road, Bangkok, 10500, Thailand.
Phone: 0626283892, 022340320, 026379404
Fax: 02 236 6896, 02 233 7250
Email: [email protected]
Website: mebangkok.org