Have any questions?

Goverment Websites

Online Appointment (ရက်ချိန်းရယူခြင်း)

အထူးဂါရဝပြုခြင်းနှင့်အတူ ဆုတောင်းမေတ္တာပို့သခြင်း

၂၂-၅-၂၀၂၃

၁။ ၂၀၂၃ ခုနှစ်၊ မေလ ၂၂ ရက်နေ့၊ ၁၈:၀၀ နာရီအချိန်တွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ ၊ အမှတ် (၆) လေတပ်ဌာနချုပ် (Wings -6) အဆောက်အဦ၌ မြန်မာနိုင်ငံမှ ဆိုင်ကလုန်းမုန်တိုင်း မိုခါသဘာဝ ဘေးအန္တရာယ်သင့်ခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် H.M. King Maha Vajiralongkorn Phra Vajiraklaochaoyu-hua၊ မိဖုရား Suthida Bajrasudhabim-alalakshana နှင့် တော်ဝင်မိသားစုတို့မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ ပေးအပ်ခြင်းဆိုင်ရာအခမ်းအနား ကျင်းပခဲ့ပါသည်။

၂။ ဤအခမ်းအနားသို့ ထိုင်းဘုရင်မင်းမြတ်နှင့် မိဖုရားကြီးတို့ကိုယ်စား ထိုင်းဘုရင့်အတိုင်ပင်ခံ ကောင်စီမှ ကောင်စီအဖွဲ့ဝင် H.E. Mr. Chirayu Isarangkun Na Ayuthaya တက်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေထံသို့ အောက်ဖော်ပြပါ လှူဒါန်းပစ္စည်းများကို လွှဲပြောင်းပေးအပ်ခဲ့ပါသည်-

(က) Canned Mackerel (Roza)- 155 g * 10ea
(ခ) Instant Noodles (Mama Cup Tom Yum Kung)- 60 g * 6ea
(ဂ) Instant Noodles (Mama Cup Creamy Tom Yum Kung)- 60 g* 6ea
(ဃ) Instant Noodles (Jaya Beef)- 5 Packs
(င) Potato Chips (Tasto)- 69 g
(စ) Cream Wafers (Bitee Orange Flavor) – 100g
(ဆ) Cream Wafers (Bitee Coconut Flavor
(ဇ) Cream Wafers (Bitee Coconut Flavor) - 100g
(ဈ) Cream Wafers (Bitee Chocolate Flavor) - 100g
(ည) Sanitary Pads (Laurier Gentle Plus) - 25cm x 14ea
(ဋ) Instant Noodles (132 boxes)
(ဌ) Canned Fish (36 boxes)
(ဍ) Snacks (Potato Chips and Wafers) (188 boxes)

၃။ အထက်ဖော်ပြပါပစ္စည်းများကို ၂၃-၅-၂၀၂၃ ရက်နေ့တွင် C-130 လေယာဉ် ၂ စီးဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ပါသည်။
၄။ ထိုင်းနိုင်ငံ၏ ဘုရင်မင်းမြတ် ၊ မိဖုရားကြီးနှင့် တော်ဝင်မိသားစုများအား လေဘေးသင့်ပြည်သူများ ကိုယ်စား သက်တော်ရာကျော်ရှည်ပါစေရန်နှင့် စိတ်ချမ်းသာခြင်း ကိုယ်ကျန်းမာခြင်းရှိကြစေရန် မေတ္တာ ပို့သအပ်ပါသည်။

20230523 01

20230523 01

20230523 01

20230523 01

20230523 01

Embassy Websites

Yangon Time

Bangkok Time

Contact Us

No. 110, Sathon nua Road, Bangkok, 10500, Thailand.
Phone: 0626283892, 022340320, 026379404
Fax: 02 236 6896, 02 233 7250
Email: [email protected]
Website: mebangkok.org